ဘဝ စာပေများ

 


   ဘဝ စာပေလေးတွေများ

၁  အမေ့မှာတမ်း သားရဟန်း

   သာသနာအတွင်း နေမယ်ဆိုရင်
အရည်အချင်းပြည့်ဝ ကျမ်းစာတတ်မှ
မြင့်မြတ်မယ်လို့ တွေးမိပြီး
 မြို့ကြီးထံသို့ သားတော်ကို ပို့လိုက်ပေမယ့်
နေ့စဉ်နေ့တိုင်း လွမ်းလို့နေရပါတယ်ဘုရား

   အခုဆိုရင် မြို့မှာ စာသင်တာ ကြာလဲကြာပြီမို့
စာလဲ တတ်ရောပေါ့ဘုရား

   သားတော်ရဲ့ ခမည်းတော်နဲ့ မယ်တော်မှာ နေ့စဉ်မျှော်လို့ ပေါ်လာလိမ့်နိုးနဲ့ ပြန်လာရက်ကို လက်ချိုးရေတွက်လို့ နေရပါတယ်ဘုရား

   ရွာသူရွာသား လူအများလည်း တရားရေအေး တိုက်ကျွေးမည့်သူ မရှိလို့ လူအသိ သူအသိများ ခေါင်းပါးနေရပါတယ်ဘုရား

   ရပ်ရွာထဲက ကလေးငယ်များမှာလဲ(ကျောင်းပိတ်ချိန်ဆို) ငါးရှား ဖားရိုက် ကစားလိုက်နဲ့ အချိန်ကုန်လို့ စာနဲ့ပေနဲ့ ဝေးနေရပါတယ်ဘုရား

   ရွားဦးကျောင်းမှာလဲ ကျောင်းသားကိုပင် မတွေ့မြင်လို့ ကိုရင်ဘယ်မှာရှိပါ့မလဲ ကိုရင်မရှိရင် ဦးဇင်းဆိုလဲ ဘယ်မှာဖြစ်လာပါ့မလဲဘုရား

   သာသနာရင်းမြစ် တောကဖြစ်လျှက် တောပစ်မြို့ပေါ် သားတော်ပျော်က တော်မတော် သင့်မသင့် တွေးဆချင့်လို့ လျှင်လျှင်မြန်မြန် တောရပ်ထံသို့

အမြန်ကြွခဲ့ပါတော့ သားတော် မောင်ပဉ္စင်းဘုရား

=============================
  7 - 3 - 2017
                     ( ဓမ္မ အလင်းရောင် )












No comments:

Post a Comment